အကြောင်းအရာသို့ ကျော်သွားရန်
T & H သင်္ချာစင်တာ
ဖေ့စ်ဘွဲ့ခ်
ယူကျုပ်
T & H Maths Centre
ပံ့ပိုးကူညီရေးဌာနသို့ ခေါ်ဆိုရန် 09 449206010 ~ 70
အီးမေးလ် ပံ့ပိုးကူညီမှု support@tnhmathscentre.com
တည်နေရာ မြန်မာနိုင်ငံ
  • ပင်မစာမျက်နှာ
  • ပရိုဂရမ်များ
    • အွန်လိုင်း သင်ိုးသင်ကြားရေး သင်္ချာအတန်း
    • ကျောင်းဝင်းအတွင်း သင်ကြားသည့် ပညာရပ်ဆိုင်ရာ သင်္ချာအတန်း
    • အိုလံព្យက် ပုံမှန် အွန်လိုင်းတန်း
    • နွေရာသီအထူးသင်တန်း
  • ငո့ကျောင်းဝင်း

𝐂𝐚𝐥𝐜𝐮𝐥𝐚𝐭𝐢𝐧𝐠 𝐏𝐢

ပင်မစာမျက်နှာ > Uncategorized > Update News > 𝐂𝐚𝐥𝐜𝐮𝐥𝐚𝐭𝐢𝐧𝐠 𝐏𝐢

𝐂𝐚𝐥𝐜𝐮𝐥𝐚𝐭𝐢𝐧𝐠 𝐏𝐢

Posted on ဒီဇင်ဘာ 26, 2022ဒီဇင်ဘာ 26, 2022 by Super Admin
0

Pi ( π ) ရဲ့ တန်ဖိုးကို တွက်ချက်ဖို့ အကောင်းဆုံးနည်းလမ်းဟာ စက်ဝိုင်းတစ်ခုရဲ့ တိကျသေချာသော စက်ဝန်းပိုင်းအလျားကို ထိုစက်ဝိုင်းရဲ့ အချင်းမျဉ်းအလျားဖြင့် စားခြင်းပဲ ဖြစ်ပါတယ်။ အခုလို စားလဒ်ဟာ ကိန်းပြည့်တစ်လုံး ဒါမှမဟုတ် ဒဿမ တစ်နေရာရာမှာရပ်သွားမယ့် ကိန်းတစ်လုံး ဖြစ်ခဲ့မယ်ဆိုရင် အရမ်းကောင်းမှာပါ။ ဒါပေမယ့်လည်း Pi ( π ) ရဲ့တန်ဖိုးဟာ ဒဿမတွေ အဆုံးမရှိတဲ့ရလဒ်ကိုပဲ ရမှာဖြစ်ပါတယ်။

ဒါကြောင့် Pi ( π ) ဟာ ထူးခြားတဲ့ ကိန်းတစ်ခုအနေနဲ့ သင်္ချာဘာသာရပ်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။ Pi ( π ) ဟာ အဆုံးမရှိတဲ့ ဒဿမကိန်းဖြစ်တာကြောင့် တိကျမှန်ကန်တဲ့ အပိုင်းကိန်းအဖြစ် ပြောင်းလဲလို့မရပါဘူး။ လူအချို့ကတော့ Pi ( π ) ရဲ့ တန်ဖိုးကို 22 ⁄ 7 အဖြစ် အနီးစပ်ဆုံး သတ်မှတ်ကြပါတယ်။ 22 ⁄ 7 အပိုင်းကိန်းဟာလည်း အမှန်တကယ်မှာတော့ Pi ( π ) ရဲ့ တန်ဖိုးနဲ့ ဒဿမကိန်း ၂ နေရာမြောက်အထိသာ မှန်ကန်နိုင်မှာပဲဖြစ်ပါတယ်။

2011 ခုနှစ်မှာဆိုရင် သင်္ချာပညာရှင်တွေဟာ Pi ရဲ့ တန်ဖိုးကို တစ်ဆယ် ထရီလီယံ ဒဿမနေရာအထိကို တွက်ချက်ခဲ့ကြပါသေးတယ်။ Pi ( π ) တန်ဖိုးကို အသုံးပြုပြီး စက်ဝိုင်းတွေရဲ့ ဧရိယာတွေ၊ ထုထည်တွေနဲ့ စက်ဝန်းပိုင်းအလျား အားလုံးကို တွက်ချက်နိုင်ပါတယ်။ သိပ္ပံပညာရှင််တွေဟာ ကမ္ဘာနဲ့ ဝေးကွာလွန်းတဲ့ ဂြိုလ်တွေရဲ့ စက်ဝန်းပိုင်းအလျားတွေကို Pi ( π ) တန်ဖိုးအသုံးပြုပြီး တွက်ချက်ကြတာပဲ ဖြစ်ပါတယ်။

လတ်တ‌လော မှတ်ချက်များ

  • Hello world! တွင် A WordPress Commenter ၏ မှတ်ချက်

မှတ်တမ်းများ

  • စက်တင်ဘာ 2025
  • ဇူလိုင် 2023
  • မေ 2023
  • မတ် 2023
  • ဇန်နဝါရီ 2023
  • ဒီဇင်ဘာ 2022
  • ဧပြီ 2020
  • ဩဂုတ် 2019
  • နိုဝင်ဘာ 2017

ကဏ္ဍများ

  • News
  • News
  • partner
  • Portfolio
  • slider
  • T & H Mobile App
  • Uncategorized
  • Update News
  • updatenews

မီတာ အချက်အလက်

  • ဝင်ပါ
  • ပို့စ်များ ဖိဒ်
  • မှတ်ချက်များ ဖိဒ်
  • WordPress.org
© ၂၀၂၆ T & H မက်သ်စ့် စင်တာ | WordPress Theme: Enlighten
Myanmar
English