အကြောင်းအရာသို့ ကျော်သွားရန်
T & H သင်္ချာစင်တာ
ဖေ့စ်ဘွဲ့ခ်
ယူကျုပ်
T & H Maths Centre
ပံ့ပိုးကူညီရေးဌာနသို့ ခေါ်ဆိုရန် 09 449206010 ~ 70
အီးမေးလ် ပံ့ပိုးကူညီမှု support@tnhmathscentre.com
တည်နေရာ မြန်မာနိုင်ငံ
  • ပင်မစာမျက်နှာ
  • ပရိုဂရမ်များ
    • အွန်လိုင်း သင်ိုးသင်ကြားရေး သင်္ချာအတန်း
    • ကျောင်းဝင်းအတွင်း သင်ကြားသည့် ပညာရပ်ဆိုင်ရာ သင်္ချာအတန်း
    • အိုလံព្យက် ပုံမှန် အွန်လိုင်းတန်း
    • နွေရာသီအထူးသင်တန်း
  • ငո့ကျောင်းဝင်း
နိုင်​ငံတကာသင်္ချာပြိုင်​ပွဲများမှာ ဆုတံဆိပ်​​တွေ ဆက်​တိုက်​ရယူ​နေတဲ့ Team Myanmar
နိုင်​ငံတကာသင်္ချာပြိုင်​ပွဲများမှာ ဆုတံဆိပ်​​တွေ ဆက်​တိုက်​ရယူ​နေတဲ့ Team Myanmar
Posted on ဩဂုတ် 1, 2019ဩဂုတ် 1, 2019 by admin
0
🏆🏆🏆  🏆🏆🏆
ဇူလိုင်​လ ၂၆ ရက်​​နေ့မှ ၃၀ ရက်​ရက်​​နေ့အထိ မ​လေးရှားနိုင်​ငံ၊ ကွာလာလမ်​ပူမြို့မှာ ကျင်းပပြုလုပ်​​နေတဲ့ International Junior Mathematics Olympiad 2019 ပြိုင်​ပွဲရဲ့ ဆု​ပေးပွဲအခမ်းအနားကို ယ​နေ့ (29.7.2019) မှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။
IJMO ပြိုင်​ပွဲဟာ T & H Maths Centre မှ ကြီးမှူးကျင်းပ​ပေး​နေတဲ့ American Mathematics Olympiad နှင့်​ Singapore and Asian Schools Math Olympiad ပြိုင်​ပွဲ​တွေမှာ ​ရွှေတံဆိပ်​နှင့်​ ​ငွေတံဆိပ်​ဆု ရရှိခဲ့သူများသာ ဝင်​​ရောက်​ယှဉ်​ပြိုင်​ခွင့်​ရတဲ့ပြိုင်​ပွဲဖြစ်​ပါတယ်​။
ယခုနှစ်​ပြိုင်​ပွဲကို နိုင်​ငံ​ပေါင်း ၂၀ မှ ​ကျောင်းသား ၁၁၀၀ ​ကျော်​ဝင်​​ရောက်​ယှဉ်​ပြိုင်​ခဲ့ကြပါတယ်​။ မြန်​မာနိုင်ငံမှ ​ကျောင်းသား၊ ​ကျောင်းသူ ၁၂ ဦး သွား​ရောက်​ယှဉ်​ပြိုင်​ခဲ့ကြပြီး ​ရွှေတံဆိပ်​ ၁ ခု၊ ​ငွေတံဆိပ်​ ၃ ခုနှင့်​ ​ကြေးတံဆိပ်​ ၅ ခု ဆွတ်​ခူးရရှိခဲ့ပါတယ်​။
ဆုရရှိသူများက​တော့
ရွှေတံဆိပ်​ဆု
၁။ မဆုဝတ်​ရည်​လင်း (အထက ၆၊ ပုသိမ်​)
ငွေတံဆိပ်
၁။ ​Arkar Ryan Tan (ISM ၊ ရန်​ကုန်​)
၂။ မယွန်းသီရိ​သော်​ (အထက ၆၊ ပုသိမ်​)
၃။ မ​မေဖူးဖူးသွယ်​ (PEC ၊ ပုသိမ်​)
ကြေးတံဆိပ်
၁။ ​​မောင်​​အောင်​မင်းခန့်​ (PISM ၊ ရန်​ကုန်​)
၂။ Aindra Zoey Tan (ISM ၊ ရန်​ကုန်​)
၃။ ​မောင်​စွမ်းရည်​လင်း (အထက ၆၊ ပုသိမ်​)
၎။ ​မောင်​စိုးလင်းထက်​ (အထက ၆၊ ပုသိမ်​)
၅။ ​မောင်​အုပ်​စိုးပြည့်​ (Yangon Academy, ရန်​ကုန်​)
သင်္ချာမှာထူးချွန်​သူများသာ သီးသန့်​ဖိတ်​​ခေါ် ယှဉ်​ပြိုင်​ခွင့်​ရတဲ့ပြိုင်​ပွဲမှာ ဆုတံဆိပ်​များစွာ ဆွတ်​ခူးရရှိပြီး နိုင်​ငံ​တော်​ရဲ့ဂုဏ်​ကို ပညာ​ရေးဖြင့်​ တဖက်​တလမ်းမှ မြှင့်​တင်​​ပေးနိုင်​ခဲ့တဲ့ ​ကျောင်းသား၊ ​ကျောင်းသူများအတွက်​ မိဘများ၏ ငယ်​စဉ်​ကတည်းက သင်​ကြား​ပေးခဲ့ကြတဲ့ ဆရာများနှင့်​ထပ်​တူ ဂုဏ်​ယူဝမ်း​မြောက်​မိပါ​ကြောင်း တင်​ပြလိုက်​ရပါတယ်​ခင်​ဗျာ။
Tags: News
© ၂၀၂၆ T & H မက်သ်စ့် စင်တာ | WordPress Theme: Enlighten
Myanmar
English