🏆🏆🏆 🏆🏆🏆
ဇူလိုင်လ ၂၆ ရက်နေ့မှ ၃၀ ရက်ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပပြုလုပ်နေတဲ့ International Junior Mathematics Olympiad 2019 ပြိုင်ပွဲရဲ့ ဆုပေးပွဲအခမ်းအနားကို ယနေ့ (29.7.2019) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
IJMO ပြိုင်ပွဲဟာ T & H Maths Centre မှ ကြီးမှူးကျင်းပပေးနေတဲ့ American Mathematics Olympiad နှင့် Singapore and Asian Schools Math Olympiad ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်နှင့် ငွေတံဆိပ်ဆု ရရှိခဲ့သူများသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ပြိုင်ပွဲဖြစ်ပါတယ်။
ယခုနှစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၂၀ မှ ကျောင်းသား ၁၁၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၁၂ ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၅ ခု ဆွတ်ခူးရရှိခဲ့ပါတယ်။
ဆုရရှိသူများကတော့
ရွှေတံဆိပ်ဆု
၁။ မဆုဝတ်ရည်လင်း (အထက ၆၊ ပုသိမ်)
ငွေတံဆိပ်
၁။ Arkar Ryan Tan (ISM ၊ ရန်ကုန်)
၂။ မယွန်းသီရိသော် (အထက ၆၊ ပုသိမ်)
၃။ မမေဖူးဖူးသွယ် (PEC ၊ ပုသိမ်)
ကြေးတံဆိပ်
၁။ မောင်အောင်မင်းခန့် (PISM ၊ ရန်ကုန်)
၂။ Aindra Zoey Tan (ISM ၊ ရန်ကုန်)
၃။ မောင်စွမ်းရည်လင်း (အထက ၆၊ ပုသိမ်)
၎။ မောင်စိုးလင်းထက် (အထက ၆၊ ပုသိမ်)
၅။ မောင်အုပ်စိုးပြည့် (Yangon Academy, ရန်ကုန်)
သင်္ချာမှာထူးချွန်သူများသာ သီးသန့်ဖိတ်ခေါ် ယှဉ်ပြိုင်ခွင့်ရတဲ့ပြိုင်ပွဲမှာ ဆုတံဆိပ်များစွာ ဆွတ်ခူးရရှိပြီး နိုင်ငံတော်ရဲ့ဂုဏ်ကို ပညာရေးဖြင့် တဖက်တလမ်းမှ မြှင့်တင်ပေးနိုင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် မိဘများ၏ ငယ်စဉ်ကတည်းက သင်ကြားပေးခဲ့ကြတဲ့ ဆရာများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။