Skip to content
T & H Maths Centre
facebook
youtube
T & H Maths Centre
Call Support 09 449206010 ~ 70
Email Support support@tnhmathscentre.com
Location Myanmar
  • Home
  • Programs
    • Online Academic Maths Class
    • On-Campus Academic Maths Class
    • Olympiad Regular Online Class
    • Summer Special Class
  • Our Campus

𝐄𝐧𝐜𝐫𝐲𝐩𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐃𝐞𝐜𝐫𝐲𝐩𝐭𝐢𝐨𝐧

Home > Uncategorized > Update News > 𝐄𝐧𝐜𝐫𝐲𝐩𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐃𝐞𝐜𝐫𝐲𝐩𝐭𝐢𝐨𝐧

𝐄𝐧𝐜𝐫𝐲𝐩𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐃𝐞𝐜𝐫𝐲𝐩𝐭𝐢𝐨𝐧

Posted on May 21, 2023May 21, 2023 by Super Admin
0

✨ 𝐄𝐧𝐜𝐫𝐲𝐩𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐃𝐞𝐜𝐫𝐲𝐩𝐭𝐢𝐨𝐧 ✨💁‍♂️ အရေးကြီး အချက်အလက်တွေကို လျှို့ဝှက်ကုဒ်တွေအဖြစ် ပြောင်းလဲဖန်တီးခြင်းကို Encryption လို့ခေါ်ပြီး ပြောင်းလဲဖန်တီးလိုက်တဲ့ လျှို့ဝှက်ကုဒ်တွေကို မူလအရေးကြီးအချက်အလက်အဖြစ် ပြန်လည်ပြောင်းလဲရယူလိုက်ခြင်းကို Decryption လို့ ခေါ်ပါတယ်။💻 အရေးကြီးအချက်အလက်တွေကို လျှို့ဝှက်ကုဒ်တွေအဖြစ် ပြောင်းလဲ ဖန်တီးတဲ့အခါမှာ သုဒ္ဓကိန်းတွေကို အသုံးပြုခြင်းက အကောင်းဆုံးပါပဲ။ ကွန်ပျူတာတွေနဲ့ သတင်းအချက်အလက်တွေကို လျှို့ဝှက်စွာ သတင်းပေးပို့တဲ့အခါမှာ ကွန်ပျူတာတွေက သတင်းအချက်အလက်တွေကို အလွန်ကိန်းဂဏန်းကြီးမားတဲ့ သုဒ္ဓကိန်းတွေအဖြစ် လုံခြုံစွာပြောင်းလဲဖန်တီးပြီး ပေးပို့ပါတယ်။🔹 ကိန်းဂဏန်းကြီးမားတဲ့ သုဒ္ဓကိန်းတွေကို ကွန်ပျူတာတွေမှာ အသုံးပြုခြင်း အကြောင်းကတော့ ကြီးမားတဲ့ သုဒ္ဓကိန်းနှစ်ခုရဲ့ မြှောက်လဒ်ကို လွယ်ကူစွာတွက်ချက် သတ်မှတ်နိုင်ပြီး ထိုရလာတဲ့ မြှောက်လဒ်ကို ကြည့်လိုက်ရင်တော့ မူလတွက်ချက်ထားတဲ့ သုဒ္ဓကိန်း နှစ်ခုကို သိနိုင်ဖို့ မဖြစ်နိုင်သလောက်ခက်ခဲလို့ပဲ ဖြစ်ပါတယ်။🔹 ကုဒ်များဖြင့်လုပ်ဆောင်ခြင်းမှ ရရှိလာသော ကျွမ်းကျင်မှုတွေက သင်္ချာဘာသာရပ်ရဲ့ နယ်ပယ်အချို့မှာ အထောက်အကူပြုလှပါတယ်။ Algebra ( အက္ခရာသင်္ချာ ) ပုစ္ဆာတွေမှာဆိုရင် ကိန်းဂဏန်းတွေ၊ စာလုံးတွေနဲ့ သင်္ကေတတွေကို အပြန်အလှန်ပြောင်းလဲတွက်ချက်ရပါတယ်။ မသိကိန်းပေးထားတဲ့ သင်္ချာပုစ္ဆာတွေမှာဆိုရင် ထိုမသိကိန်းတွေကို အက္ခရာတွေအဖြစ်အစားထိုးတွက်ချက်တာက ပိုမိုလွယ်ကူစေပါတယ်။

Recent Comments

  • A WordPress Commenter on Hello world!

Archives

  • September 2025
  • July 2023
  • May 2023
  • March 2023
  • January 2023
  • December 2022
  • April 2020
  • August 2019
  • November 2017

Categories

  • News
  • News
  • partner
  • Portfolio
  • slider
  • T & H Mobile App
  • Uncategorized
  • Update News
  • updatenews

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org
© 2026 T & H Maths Centre | WordPress Theme: Enlighten
English
Myanmar