Skip to content
T & H Maths Centre
facebook
youtube
T & H Maths Centre
Call Support 09 449206010 ~ 70
Email Support support@tnhmathscentre.com
Location Myanmar
  • Home
  • Programs
    • Online Academic Maths Class
    • On-Campus Academic Maths Class
    • Olympiad Regular Online Class
    • Summer Special Class
  • Our Campus

သဘာဝအတိုင်းဖြစ်ပေါ်လာနိုင်တဲ့ အဖြစ်အပျက် အများစုကို သင်္ချာပညာနဲ့ ကြိုတင်တွက်ချက်ခြင်း

Home > Uncategorized > Update News > သဘာဝအတိုင်းဖြစ်ပေါ်လာနိုင်တဲ့ အဖြစ်အပျက် အများစုကို သင်္ချာပညာနဲ့ ကြိုတင်တွက်ချက်ခြင်း

သဘာဝအတိုင်းဖြစ်ပေါ်လာနိုင်တဲ့ အဖြစ်အပျက် အများစုကို သင်္ချာပညာနဲ့ ကြိုတင်တွက်ချက်ခြင်း

Posted on March 28, 2023 by Super Admin
0

💁‍♂️ သဘာဝအတိုင်းဖြစ်ပေါ်လာနိုင်တဲ့ အဖြစ်အပျက် အများစုကို သင်္ချာပညာနဲ့ ကြိုတင်တွက်ချက်ပြီး ဖြစ်ပေါ်လာမယ့် အခြေအနေနဲ့ အချိန်တို့ကို ခန့်မှန်းနိုင်ပါတယ် ခင်ဗျာ။ ✨🌋 မီးတောင်ပေါက်ကွဲခြင်း စသော သဘာဝ အဖြစ်အပျက်အချို့ကိုတော့ ကြိုတင်ခန့်မှန်းလို့မရနိုင်ပါဘူး။ လကြတ်ခြင်း၊ နေကြတ်ခြင်း စသော သဘာဝဖြစ်စဉ်တွေကိုတော့ ဖြစ်ပေါ်လာနိုင်မယ့် နှစ် နဲ့ စက္ကန့်အတိအကျကိုပါ ကြိုတင်တွက်ချက်ပြီး သိနိုင်ပါတယ်။ 🌊 ပင်လယ်ရေအောက် ငလျင်တွေကြောင့် ဖြစ်ပေါ်လာတဲ့ Tsunamis မုန်တိုင်း ရဲ့ လမ်းကြောင်းနဲ့ လှိုင်းလုံးအရွယ်အစားတို့ကိုပါ ခန့်မှန်းသိရှိနိုင်ဖို့ သင်္ချာဘာသာရပ်က အထောက်အကူပြုလှပါတယ်။ တိကျတဲ့ Tsunamis ခန့်မှန်းချက်တွေက ပြင်းထန်တဲ့ လှိုင်းအန္တရာယ်ဘေးကနေလွတ်ကင်းဖို့အတွက် ကမ်းရိုးတမ်းဒေသကလူတွေကို အကျိုးပြုပါတယ်။🚀 အာကာသယာဉ်တွေရဲ့ ဝေးကွာလွန်းတဲ့ အာကာသခရီးစဉ်ကို ပိုမိုမြန်ဆန်စွာရောက်ရှိနိုင်ဖို့ အရှိန်မြှင့် သွားရောက်ရန် သင်္ချာဘာသာရပ်က အထောက်အကူပြုပါတယ်။ အာကာသခရီးဝေးတွေကို ထွက်ခွာတဲ့အခါ သွားရောက်လိုတဲ့ ဦးတည်ရာအတိုင်း အာကာသယာဉ်ကို တန်းမတ်စွာ စေလွှတ်တာမျိုးမလုပ်ပဲ အသေးစိတ် သင်္ချာအတွက်အချက်များ ပြုလုပ်ကာ ခရီးလမ်းတစ်လျှောက် အာကာသယာဉ်ရဲ့ နီးစပ်ရာ ဂြိုလ်တစ်ခုဆီသို့ ဦးစွာသွားစေပြီး ထိုဂြိုလ်ရဲ့ ဆွဲအားနဲ့ ခရီးကိုပိုမို လျင်မြန်သွားစေပါတယ်ခင်ဗျာ။

Recent Comments

  • A WordPress Commenter on Hello world!

Archives

  • September 2025
  • July 2023
  • May 2023
  • March 2023
  • January 2023
  • December 2022
  • April 2020
  • August 2019
  • November 2017

Categories

  • News
  • News
  • partner
  • Portfolio
  • slider
  • T & H Mobile App
  • Uncategorized
  • Update News
  • updatenews

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org
© 2026 T & H Maths Centre | WordPress Theme: Enlighten
English
Myanmar