Myanmar Mathematics Olympiad
Myanmar Mathematics Olympiad (MMO)
၂၀၂၂ -၂၀၂၃ ပညာသင်နှစ်မှ စတင်၍ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော အမေရိကန်နိုင်ငံ၊ California ပြည်နယ်ရှိ Berkeley University (UC Berkeley) မှ သင်္ချာဌာနနှင့် လက်တွဲ၍ ကျင်းပသော Myanmar Mathematics Olympiad (MMO ) ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ စောင့်မျှော်နေကြတဲ့ ကျောင်းသူ/သားများအတွက် စက်တင်ဘာလတွင် ထပ်မံကျင်းပပေးတော့မှာဖြစ်ပါတယ်။
T & H Maths Center မှ MMO ပြိုင်ပွဲကို ပြုလုပ်ပေးခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုရင် စတုတ္ထအကြိမ်မြောက်သို့ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ MMO ပြိုင်ပွဲသည် နိုင်ငံတကာအဆင့်မေးခွန်းများနဲ့အတူ အခြေခံ သင်္ချာအရည်အသွေး ၆ ခု ကို အကောင်းမွန်ဆုံး အကဲဖြတ်ပေးပြီး ကျောင်းသား/သူများရဲ့ အားသာချက်၊ အားနည်းချက်များကို ဖြည့်ဆည်းသင်ကြားပေးဖို့အတွက် အဆင်ပြေစေတဲ့ ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။
Myanmar Mathematics Olympiad (MMO) ပြိုင်ပွဲကို Online Platform ဖြင့်ဖြေဆိုရမှာဖြစ်ပြီး ဖြေဆိုသူကျောင်းသား၊ ကျောင်းသူများအတွက် စာရင်းပေးသွင်းခြင်း၊ ဖြေဆိုခြင်း၊ ရမှတ်တွက်ချက်ခြင်း၊
Certificate ထုတ်ဝေခြင်း (Email မှတဆင့် ပို့ဆောင်ပေးခြင်း) စသည့် ကိစ္စရပ်များကို Online Contest System ဖြင့် ထိန်းချုပ်ပေးသွားမှာဖြစ်ပါတယ်။











ဆုရရှိသူများကို E - Certificate ( Email မှတဆင့် ပို့ဆောင်ပေးခြင်း ) နှင့် ဆုတံဆိပ်များကို ချီးမြှင့် ပေးသွားမှာဖြစ်ပါတယ်။ ဆုတံဆိပ်ကို Delivery ဖြင့်ယူဆောင်မည်ဆိုပါက မြို့နယ်အလိုက် ကုန်ကျစရိတ်ကို မိဘဘက်မှ ပေးဆောင်ရမည် ဖြစ်ပါတယ်။






