နေ့စဉ် မဖြစ်မနေ စားနေကျ ထမင်းတောင် ဟင်းတစ်မျိုးတည်းနဲ့ နေ့တိုင်းစားရရင် ငြီးငွေ့ပါတယ်။

ကျောင်းသားတွေလည်း ဒီလိုပါပဲ။ သင်္ချာလေ့ကျင့်ခန်းဆိုတာနဲ့ စာအုပ်နဲ့ပဲ အချိန်တိုင်းဆို ပျင်းစရာကောင်းပါတယ်။ သူတို့အတွက် စိတ်ဝင်စားစရာကောင်းတာလေး တစ်ခု ဖန်တီးပေးဖို့ လိုပါတယ်။


IXL က ကျောင်းသားတွေ လေ့ကျင့်ထားတဲ့ သင်ခန်းစာတွေကို အခြေခံပြီး Individual Report ထုတ်ပေးမှာဖြစ်ပါတယ်။ KG ကနေ G8 အထိ ဘယ်ကျောင်းက ကျောင်းသာမဆို ဝင်ရောက်လေ့ကျင့်နိုင်ပါတယ်။
ဥပမာ G3 က ကျောင်းသားဟာ G3 သင်ခန်းစာတွေ လေ့ကျင့်ပြီးရင် သူစာရင်းသွင်းထားတဲ့ တစ်နှစ်လုံးစာ မကုန်မချင်း G4 စာ လေ့ကျင့်မလား G5 စာ လေ့ကျင့်မလား စိတ်ကြိုက် လေ့ကျင့်လို့ရပါတယ်။

ဝင်ရောက်လေ့ကျင့်ဖို့ကလည်း သိပ်လွယ်ကူပါတယ်။ ပေးထားတဲ့ website link ထဲမှာ မိမိနဲ့ သက်ဆိုင်တဲ့ User name and password ကို ရိုက်ထည့်ရုံပါ။ ပြီးရင် နှစ်သက်ရာ သင်ခန်းစာကို ရွေးပြီး လေ့ကျင့်ပါ။ တစ်လ တစ်ခါ T & H Maths Centre က ဆရာတွေနဲ့ တွေ့ဆုံပြီး ဘာကို ဆက်လေ့ကျင့်သင့်သလဲကို ချထားပေးတဲ့ Guide Line အတိုင်း ဆက်လက်လေ့ကျင့်ရုံပါပဲ။
ကျောင်းသားတွေအတွက် website မှာ ဝင်ရောက်လေ့လာဖို့ဆိုရင်တော့ ဒါလေးတွေလိုအပ်ပါတယ်



email လိပ်စာ တစ်ခုခု


အင်တာနက် တွဲဖက် အသုံးပြုလို့ရတဲ့ Phone (or) Tablet

Account ဝယ်ယူရရှိနိုင်မည့် package များ
6 months package - 70,000 kyats (December 2020 to May 2021)
1 year package - 110,000 kyats (December 2020 to November 2021)

Account များအားစတင်အသုံးပြုနိုင်မည့်ရက် - ၆.၁၂.၂၀၂၀ ( တနင်္ဂနွေနေ့ )

တက်ရောက်နိူင်သော အတန်း - KG(သူငယ်တန်း) မှ Grade -8 (၈တန်း) အထိ

ဝယ်ယူလေ့ကျင့်လိုပါက Enroll Now တွင် ၂၅.၁၁.၂၀၂၀( ဗုဒ္ဓဟူးနေ့) ညနေ ၅ နာရီတွင် နောက်ဆုံးထားပြီး ဖြည့်စွက် စာရင်းပေးသွင်းပေးပါရှင်။

Link တွင် အချက်အလက်များ ပြည့်စုံစွာဖြည့်သွင်းပြီးပါက မိမိတို့ရဲ့စာရင်းသွင်းတာရောက်၊မရောက်ကို Link တွင်ဖြည့်သွင်းထားတဲ့ E-mailသို့ အကြောင်းကြားစာပြန်လည်ပို့ပေးသွားမှာဖြစ်ပါတယ်။Enrollment Form ဖြည့်ပြီးလို့ Confirmation email ပြန်မရောက်ပါက Junk mail ထဲ ရှာကြည့်ပေးပါရှင်။Auto reply ပြန်ပေးတာဖြစ်မို့ form ဖြည့်ပြီးသူတိုင်းစီကို ရောက်ရမှာပါရှင်။


မှတ်ချက်။ ။မိဘတို့ဘက်မှပေးပို့လာသောဖောင်ကို သေချာစွာပြန်လည်စီစစ်ပြီး ငွေသွင်းဖို့အတွက်အသေးစိတ်ကို T & H Maths Centreဘက်မှ ပြန်လည်ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ T & H Maths Centreမှ ဖုန်းဆက်သွယ်မှသာ ငွေသွင်းပေးရန် အထူးမေတ္တာရပ်ခံပါတယ်ရှင်။
ကျောင်းသားကျောင်းသူများအားလုံး ကျန်းမာပျော်ရွှင်ခြင်းအပေါင်းနှင့်တကွ ထူးချွန်ထက်မြက်သူတွေ ဖြစ်နိုင်ကြပါစေရှင်

။

website link ထဲ ဘယ်လိုဝင်ရောက်ရမလဲကို ဒီ video လေးထဲမှာ အသေးစိတ်ရှင်းပြပေးထားပါတယ်ရှင်။