မန္တလေးရွှေမြို့တော်ကြီးတွင် ကျင်းပပြုလုပ်တဲ့သင်တန်းအမှတ်တရပုံရိပ်များ….. ![]()
T & H Maths Centre အတွက် အသက်ဆက်ဖို့ အဓိကအကျဆုံးအရာတစ်ခုမှာ Teachers Training ပဲဖြစ်ပါတယ်။
T & H Maths Centre မှာ လက်ရှိအောင်မြင်လျက်ရှိတဲ့ Academic Online ပညာသင်ကြားရေးစနစ်ကို ယနေ့ထိတိုင် သက်ဝင်အောင်မြင်နေစေဖို့အတွက် မြန်မာနိုင်ငံအနှံ့အပြားမှ T & H ရဲ့ ဆရာ၊ ဆရာမများနဲ့ ဝန်ထမ်းများက ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားရှိ T & H တွင် တာ၀န်ထမ်းဆောင်နေသောဆရာ၊ ဆရာမများရဲ့ သင်ကြားရေးပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ တိုးတက်လာစေဖို့အတွက် မြန်မာနိုင်ငံအထက်ပိုင်းရှိ ဆရာ၊ ဆရာမများကို မန္တလေးရွှေမြို့တော်ကြီးတွင် တစုတစည်းတည်း Camp ခေါ်ယူ၍ သင်ကြားရေးပိုင်းဆိုင်ရာ အရည်အသွေးမြှင့် သင်တန်းကို ၂၁.၃.၂၀၂၃ ( အင်္ဂါနေ့ ) မှ ၂၃.၃.၂၀၂၃ ( ကြာသပတေးနေ့ ) အထိ ၃ရက်တာသင်ကြားပို့ချပေးခဲ့ပါတယ်။
ရွှေမန္တလာမြေတွင် သင်တန်းပို့ချခဲ့သောကာလမှ ဆရာ၊ ဆရာမများရဲ့ ပုံရိပ်အချို့ကိုလည်း အမှတ်တရမျှဝေပေးလိုက်ပါတယ်နော်။
Teachers Training
Posted on by Super Admin
0
