AMO 2022 Result
Congratulations to all Award Winners!!!
T & H Maths Centre မှ နှစ်စဉ် ကျင်းပပြုလုပ်ပေးခဲ့သည့် အမေရိကန်နိုင်ငံအခြေစိုက် American Mathematics Olympiad 2022 ( AMO Exam 2022 ) ပြိုင်ပွဲကြီးကို လွန်ခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့တွင် အောင်မြင်စွာပြုလုပ်ကျင်းပခဲ့ပြီဖြစ်ပါတယ်။
American Mathematics Olympiad 2022 ပြိုင်ပွဲကြီးမှာ ရွှေ ၊ ငွေ၊ ကြေး စတဲ့ ဆုတံဆိပ်ပေါင်းများစွာကို မြန်မာကျောင်းသား၊ ကျောင်းသူများစွာကနေ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစွာ ဆွတ်ခူးရယူပေးနိုင်ခဲ့ပါပြီ။
နိုင်ငံပေါင်း ၄၁ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲမှာ ယခုလို ရွှေ၊ ငွေ၊ ကြေး စတဲ့ ဆုတံဆိပ်များစွာကို ရယူပေးနိုင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် မိဘများ၊ ငယ်စဉ်ကတည်းက သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများနဲ့ထပ်တူ T & H Maths Centre မိသားစုက ထပ်တူဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိမိတို့ရဲ့ Performance Report ကို ရယူလိုပါက www.amo.sg/results/ မှာ member အဖြစ် အခမဲ့ စာရင်းပေးသွင်းပြီး ၂၀၂၃ခုနစ် ဇန်နဝါရီလကုန်မှ စတင်ပြီး ထုတ်ယူနိုင်ပြီဖြစ်ပါတယ်။ (Sign up လုပ်နည်းကို website ရဲ့ ပင်မစာမျက်နှာမှာ ဖော်ပြထားပေးပါတယ်။)