✨ ၂၀၁၉ ခုနှစ်မှစတင်ပြီး T & H Maths Centre နှင့် MMOU အဖွဲ့အစည်းကြီးမှ ကြီးမှူးကျင်းပပြီး ယနေ့ထက်တိုင်အောင်မြင်စွာကျင်းပလျက်ရှိတဲ့ မြန်မာ့ပထမဆုံးသော Olympiad စာမေးပွဲကြီးဖြစ်တဲ့ Mathematics Olympiad (MMO Exam)ကြီးကို ၂၀၂၄ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့တွင် Online , On-Campus (၂)မျိုးလုံးဖြင့် ကျင်းပပြုလုပ်ပေးသွားတော့မှာ ဖြစ်ပါတယ်ရှင်။
👨🎓 Myanmar Mathematics Olympiad (MMO 2024)ပြိုင်ပွဲရဲ့အကျိုးကျေးဇူးများ
🔰 Myanmar Mathematics Olympiad (MMO 2024)ပြိုင်ပွဲဟာ မြန်မာ့ပထမဆုံးနှင့် ဝင်ရောက်ယှဉ်ပြိုင်သူအများဆုံးသော Olympiad စာမေးပွဲကြီးတစ်ခုဖြစ်တဲ့အပြင် Myanmar Mathematics Olympiad (MMO Exam)ဖြေဆိုခြင်းဖြင့် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေအထိ တက်လှမ်းနိုင်မယ့် ကမ္ဘာ့အဆင့်စာမေးပွဲတွေနဲ့ပါ တိုက်ရိုက်ချိတ်ဆက်လျက်ရှိတဲ့ စာမေးပွဲတစ်ခုဖြစ်သောကြောင့် ပြိုင်ပွဲဝင်ကျောင်းသား/သူတိုင်းအတွက် အခွင့်အလမ်းပေါင်းမြောက်များစွာရရှိနိုင်ပါတယ်ရှင်။
🥳 Myanmar Mathematics Olympiad (MMO 2024)ပြိုင်ပွဲရဲ့ အားသာချက်
🔰 Myanmar Mathematics Olympiad (MMO) ပြိုင်ပွဲကြီးရဲ့ အဓိကအားသာချက်တွေကတော့ နိုင်ငံတကာအဆင့်မေးခွန်းများနဲ့အတူ အခြေခံသင်္ချာအရည်အသွေး ၆ ခု ကို အကောင်းမွန်ဆုံး အကဲဖြတ်ပေးပြီး ကျောင်းသား/သူများရဲ့ ဖြေဆိုနိုင်မှုသင်္ချာစွမ်းရည် နဲ့ အားသာချက်၊ အားနည်းချက်များကို ပြန်လည်ဖြည့်ဆည်းသင်ကြားပေးဖို့အတွက်ရည်ရွယ်၍ Level Skills များကို Detail Result တွေပါ ထုတ်ယူနိုင်တဲ့ တစ်ခုတည်းပြိုင်ပွဲဖြစ်ပါတယ်။
🔰 ဒါ့အပြင် Myanmar Mathematics Olympiad (MMO Exam)ရဲ့ မေးခွန်းပုံစံတွေကို အင်္ဂလိပ်ဘာသာနဲ့ မြန်မာဘာသာ နှစ်မျိုးလုံးဖြင့် ဖန်တီးပေးထားတာဖြစ်လို့ Olympiad Exam ကို စတင်ဖြေဆိုကြည့်ချင်တဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မည်သည့်ကျောင်းသား၊ကျောင်းသူ မဆို ဝင်ရောက်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။
🔔 Myanmar Mathematics Olympiad (MMO 2024)ပြိုင်ပွဲရဲ့ ပြိုင်ပွဲဆိုင်ရာအချက်အလက်များ
🔰 ယှဉ်ပြိုင်နိုင်မည့်ကျောင်းသား/သူများ – Grade-1 to Grade-10
🔰 𝐄𝐱𝐚𝐦 𝐃𝐚𝐭𝐞 :15.9.2024 (Sunday)
🔰 𝐄𝐧𝐫𝐨𝐥𝐥 𝐁𝐞𝐟𝐨𝐫𝐞 : 13.8.2024(Tuesday)
🔰 𝐄𝐱𝐚𝐦 𝐅𝐞𝐞𝐬 : 30000 Ks
🔰 𝐄𝐱𝐚𝐦 𝐓𝐲𝐩𝐞: 𝗢𝗻 𝗣𝗮𝗽𝗲𝗿 𝗘𝘅𝗮𝗺 / 𝗢𝗻𝗹𝗶𝗻𝗲 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺
🔰 𝐄𝐱𝐚𝐦 𝐓𝐢𝐦𝐞 ( 𝗢𝗻 𝗣𝗮𝗽𝗲𝗿 𝗘𝘅𝗮𝗺 & 𝗢𝗻𝗹𝗶𝗻𝗲 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 )
- 9:00 AM to 10:30 AM (Grade-5 to Grade-10)
-11:30 AM to 1:00 PM (Grade-1 to Grade-4)
🔰 𝐎𝐧 𝐏𝐚𝐩𝐞𝐫 𝐄𝐱𝐚𝐦 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧
📍 Yangon (𝐎𝐧 𝐏𝐚𝐩𝐞𝐫 𝐄𝐱𝐚𝐦)
- MICT Park
MICT Park Main Building, Hlaing Township, Yangon.
မှတ်ချက်။ အင်းစိန်လမ်းမဘက်ရှိ ဝင်ပေါက်မှသာ ဝင်ခွင့်ပြုထားသောကြောင့် ယောဂီကျောင်းလမ်းဂိတ်မှသာဝင်ရောက်ပေးရန်။
📍 Mandalay (𝐎𝐧 𝐏𝐚𝐩𝐞𝐫 𝐄𝐱𝐚𝐦) - T & H Maths Centre (Mandalay)
No.(MA-22/37) Corner of 43×66 (A), Mahar Myaing (1) Ward,Mahar Aung Myay Township, Mandalay.
🔰 အတန်းသတ်မှတ်ပုံ
◼ Government and Private Schools, International Schools တို့ တွင်တက်ရောက်နေသောကျောင်းသား/သူများအနေနဲ့ 2024-25 တွင် လက်ရှိတက်ရောက်နေသောအတန်း * Current GRADE * နဲ့သာ ဖြေဆိုရမှာဖြစ်ပါတယ်။
◼ ဝင်ရောက်ဖြေဆိုကြမယ့် ကျောင်းသား/သူများအနေနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စာရင်းပေးသွင်းထားသည့် အတန်းတက်ရောက်မှုမှန်ကန်ကြောင်းကို ကျောင်းသားကဒ်(သို့)ကျောင်းထောက်ခံစာတစ်ခုခု T & H Maths Centre ဘက်သို့ ပြန်လည်ပို့ဆောင်ပေးရမှာ ဖြစ်ပါတယ်ရှင်။
◼ MMO (2023) ဖြေဆိုခဲ့ဖူးသောကျောင်းသား/သူများအနေနှင့် ဖြေဆိုခဲ့ဖူးသော Grade ကို ထပ်မံဖြေဆိုခွင့်ရရှိနိုင်မည်မဟုတ်ပါ။
◼ အတန်းရွေးချယ်ဖြည့်စွက်ရာတွင် အသက်နှင့် Grade အငြင်းပွားဖွယ်ရာ တစ်စုံတစ်ခုဖြစ်ပေါ်လာပါက T & H Maths Centre ရဲ့ သက်ဆိုင်ရာဌာနမှ ဆုံးဖြတ်ပေးသည့်အတိုင်းသာ သဘောတူလက်ခံပေးရမှာဖြစ်ပါတယ်ရှင်။
🔔 Myanmar Mathematics Olympiad (MMO 2024)ပြိုင်ပွဲအတွက် စာရင်းပေးသွင်းမှုဆိုင်ရာ အချက်အလက်များ
🔰 T & H Maths Centre တွင် Myanmar Mathematics Olympiad (MMO 2024) ကို ဝင်ရောက်ဖြေဆိုကြမယ့် ကျောင်းသား/သူများအနေနဲ့ 13.8.2024(Tuesday) ညနေ (၅)နာရီမတိုင်ခင် Exam Enroll ဝင်ရောက်စာရင်းပေးသွင်းရမှာဖြစ်ပါတယ်ရှင်။
🎬 Exam Enroll အဆင့်ဆင့်လုပ်ဆောင်ရာတွင် အခက်အခဲမရှိစေရန်အတွက် အသေးစိတ်အချက်အလက်များကို အောက်ပါ Video File ထဲတွင် ကြည့်ရှုနိုင်ပါတယ်။
💸 Myanmar Mathematics Olympiad (MMO 2024)ပြိုင်ပွဲအတွက် ငွေပေးသွင်းမှုဆိုင်ရာ အချက်အလက်များ
🔰 MMO Exam Fees ပေးသွင်းရန်အတွက် T & H Maths Centre မှ Viber ကတဆင့် ပြန်လည်ဆက်သွယ်ပေးမှာဖြစ်ပါတယ်။ မိဘများအနေနဲ့ ငွေသွင်းပြီးကြောင်းပြေစာများကို T & H Maths Centre မှ ဆက်သွယ်လာသောဖုန်းနံပါတ် ( Viber )များသို့ Screenshot များကိုပြန်လည်ပေးပို့ပေးရမှာဖြစ်ပါတယ်။
⚠ Myanmar Mathematics Olympiad (MMO 2024)ပြိုင်ပွဲအတွက် စာရင်းပေးသွင်းမှုနှင့်ပတ်သက်ပြီး သတိပြုရမယ့်အချက်အလက်များ
🔰 MMO Exam အတွက် Register ပြုလုပ်ရာတွင် ကျောင်းသားတစ်ယောက်ကို E-mail တစ်ခုနှုန်းဖြင့်သာ Register ပြုလုပ်ခွင့်ရှိမှာ ဖြစ်ပါတယ် ။မောင်နှမများရှိပါကလည်း Register ထပ်မံ ပြုလုပ်ရာတွင် ယခင်စာရင်းဖြည့်စွက်ခဲ့ပြီးသား E-mail ကို အသုံးပြုပြီး Register ပြုလုပ်ခွင့်မရှိပဲ မတူညီသော E-mail နောက်တစ်ခုဖြင့်သာ Register ထပ်မံပြုလုပ်စာရင်းသွင်းခွင်ပြုမည်မဟုတ်ပါ။
🔰 မိဘများအနေဖြင့် MMO Exam Fees အတွက် ငွေပေးသွင်းပြီးပါက ကြိုတင်ပေးသွင်းထားသော Exam Fees အားပြန်လည်ထုတ်ပေးခြင်း၊ အခြားကျောင်းသားဖြင့် အစားထိုးပေးခြင်း၊ လူကြီးမင်းတို့ စိတ်ကြိုက်ရွေးချယ်၍ စာရင်းဖြည့်သွင်းထားသော ဖြေဆိုမှုပုံစံ ( Online မှ Campus သို့ပြောင်းလဲဖြေဆိုလိုခြင်း ၊ Campus မှ Online သို့ပြောင်းလဲဖြေဆိုလိုခြင်း) များအား မည်သည့်အကြောင်းပြချက်နှင့်မျှ ပြန်လည် ပြင်ဆင် ပြောင်းလဲပေးမည် မဟုတ်ပါကြောင်း ကြိုတင်အသိပေးအကြောင်းကြားလိုက်ရပါတယ်ရှင်။