Skip to content
T & H Maths Centre
facebook
youtube
T & H Maths Centre
Call Support 09 449206010 ~ 70
Email Support support@tnhmathscentre.com
Location Myanmar
  • Home
  • Programs
    • Online Academic Maths Class
    • On-Campus Academic Maths Class
    • Olympiad Regular Online Class
    • Summer Special Class
  • Our Campus

သင်လွယ်တတ်လွယ် အိမ်မှာတွက်မယ်

Home > News > သင်လွယ်တတ်လွယ် အိမ်မှာတွက်မယ်

သင်လွယ်တတ်လွယ် အိမ်မှာတွက်မယ်

Posted on April 21, 2020 by admin
0
သင်လွယ်တတ်လွယ် အိမ်မှာတွက်မယ်
ခုလို လူကြီးတွေလည်း အပြင်မထွက်ရ ကလေးတွေလည်း ကျောင်းမတက်ရ အခြေအနေဆိုတာ ကျွန်မတို့ တစ်ခါမှ မတွေးမိတဲ့ အခြေအနေပါ။
ကျောင်းတွေ ပိတ်ထားလို့ ကလေးတွေ ပုံမှန်ကျောင်းမတက်ရပေမယ့်မလည်း ပညာရေးနဲ့ အဆက်အသွယ်ပြတ်လို့မရပါဘူး။
T & H Maths Centre အနေနဲ့ ဒီလိုအခြေအနေမှာ တစ်န်ိုင်ငံလုံးက ကျောင်းသားတွေ သင်္ချာနဲ့ အဆက်အသွယ်မပြတ်အောင် T & H မှာ လက်ရှိသင်ကြားသင်နဲ့ work sheet တွေကို စာအုပ်အဖြစ် ထုတ်ဝေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဘယ်ကျောင်းက ကျောင်းသားမဆို လေ့ကျင့်လို့ရတဲ့ စာအုပ်တွေဖြစ်ပါတယ်။
တန်ဖိုးကိုလည်း အနည်းဆုံး သတ်မှတ်ပေးခဲ့ပါတယ်။
(T & H မှာ စာလာသင်ရင် တစ်နာရီ အနည်းဆုံး ၆၅၀၀ ကျပ် ကျပါတယ်။ )
အခုအချိန်မှာ G 4 အထိ ထွက်ရှိပြီးဖြစ်ပါတယ်။
ကျွန်မတို့က ပထမတန်းကို G1 လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ခုချိန်မှာ G1 သင်ခန်းစာကို ကြိုသင်ချင်တဲ့ ဆရာတွေ မိဘတွေက G1 အတွဲကို ဝယ်ပြီး စာကျေအောင် ပြန်လေ့ကျင့်သူတွေက တဆင့်နှိမ့်ပြီး လေ့ကျင့်ရမှာဖြစ်ပါတယ်။
ခုစာအုပ်တွေက Workbook သီးသန့် သာဖြစ်ပါတယ်။
တကယ်လို့ ဆရာ စာသင်တဲ့ video နဲ့ပါ တွဲကြည့်ချင်ရင်တော့ Video အခွေနဲ့ လေ့ကျင့်ခန်းစာအုပ် တွဲထုတ်ထားတဲ့ “သင်လွယ်တတ်လွယ်” အတွဲ တွေကို မှာယူလေ့ကျင့်နိုင်ကြပါတယ်။
” သင်လွယ်တတ်လွယ် ” တွေက G 1&2 အတွက် အတွဲ ၁ နဲ့ G 3 and 4 အတွက် အတွဲ ၂ ဆိုပြီး ထွက်ရှိထားတာဖြစ်ပါတယ်။
ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ ကလေးတွေရဲ့ ဉာဏ်ရည်တွေ ထက်မြတ်ပြီး တက်ကြွရွှင်လန်းနေဖို့ အရေးကြီးတာကြောင့် ဦးဏှောက်ကို အလုပ်ပေးထားဖို့ T & H Maths Centre က ထုတ်ဝေထားတဲ့ စာအုပ်တွေနဲ့ လေ့ကျင့်ထားဖို့ အကြံပြုလိုက်ပါတယ်ရှင်။
စာအုပ်တွေကို မှာယူလိုပါက 23 . 4 . 2020 (နေ့လည် ၁၂နာရီ) နောက်ဆုံးထားပြီး Order တင် မှာယူနိုင်ပါတယ်။ 24 ရက်နေ့မှာ စာအုပ်တွေထုပ်ပိုးပြီး 25 . 4 . 2020 မှာ စတင်ပြီး မှာယူထားသောစာအုပ်များကို ပို့ဆောင်ပေးသွားပါမယ်ရှင်။
စာအုပ်တွေမှာယူလိုပါက Message Box မှ တစ်ဆင့်မှာယူပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင်။ Comment မှာ စာတွေအကုန်မမြင်မိတဲ့အခါ မှာယူထားတဲ့စာအုပ်လေးတွေမပို့ပေးနိုင်ဖြစ်မှာစိုးလို့ပါရှင်။
ရန်ကုန်မြို့တွင်း ပစ္စည်းရောက်မှငွေချေရပါမယ်။ (ပစ္စည်းတန်ဖိုး + Delivery Fees)
နယ်မှမှာယူလိုသူများအနေဖြင့် အောက်တွင်ဖော်ပြထားသော Bank Account သို့ (ပစ္စည်းတန်ဖိုး + Delivery Fees) ငွေကြိုလွှဲရမည်ဖြစ်ပြီး စာတိုက်မှတဆင့် အိမ်အရောက်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ငွေလွှဲပြီးကြောင်းချလံ (သို့မဟုတ်) Mobile Banking နှင့်လွှဲပါက Screen Shoot ကို Message box သို့ ပေးပို့ပေးရမည် ဖြစ်ပါတယ်။
Delivery Fees
ရန်ကုန်မြို့တွင်း – ၂၅၀၀ ကျပ်။
ရွှေပြည်သာ၊ လှိုင်သာယာ၊ ရွှေပေါက်ကံ၊ သာကေတ၊ ဒေါပုံ၊ အင်းစိန်၊ တောင်ဒဂုံ၊ ဒဂုံအရှေ့ ၊ဒဂုံဆိပ်ကမ်း – ၃၀၀၀ ကျပ်။
သန်လျင်၊ ထောက်ကြန့်၊ ဒလ၊ ကျောက်တန်း၊ ယုဇနဥယဉ်မြို့တော် – ၃၅၀၀ ကျပ်။
နယ်ပို့ခ – ၃၅၀၀ ကျပ်။
(စာအုပ်အနည်းအများနဲ့ ဝယ်ယူသည့်မြို့အပေါ်မှုတည်ပြီး ပို့ခအပြောင်းအလဲရှိပါတယ်)
© 2026 T & H Maths Centre | WordPress Theme: Enlighten