IXL ONLINE SYSTEM

Enroll Now ကိုနှိပ်၍စာရင်းပေးသွင်းပါ။
နေ့စဉ် မဖြစ်မနေ စားနေကျ ထမင်းတောင် ဟင်းတစ်မျိုးတည်းနဲ့ နေ့တိုင်းစားရရင် ငြီးငွေ့ပါတယ်။
👀 ကျောင်းသားတွေလည်း ဒီလိုပါပဲ။ သင်္ချာလေ့ကျင့်ခန်းဆိုတာနဲ့ စာအုပ်နဲ့ပဲ အချိန်တိုင်းဆို ပျင်းစရာကောင်းပါတယ်။ သူတို့အတွက် စိတ်ဝင်စားစရာကောင်းတာလေး တစ်ခု ဖန်တီးပေးဖို့ လိုပါတယ်။
👌👌👌 သင်္ချာလေ့ကျင့်ခန်းတွေနဲ့ ပက်သတ်ရင် အပြည့်စုံဆုံး အကောင်းမွန်ဆုံးဖြစ်တဲ့ IXL နဲ့ မိတ်ဆက်ပေးပါမယ်။ အရင်က သုံးနေတဲ့ ကျောင်းသားတွေ ရှိပါတယ်။ ခုတခါ ထူးခြားတာက ဒီလိုသင်ခန်းစာတွေ လေ့ကျင့်ရင်းနဲ့ T & H Maths Centre က ဆရာတွေက ကျောင်းသားတွေ မိဘတွေနဲ့ တစ်လတစ်ခါ တွေ့ဆုံပြီး ကျောင်းသားနဲ့ ကိုက်ညီမှုရှိတဲ့ သင်ခန်းစာတွေကို လမ်းညွှန်မှု ပေးသွားမှာပါ။
 
✔✔ IXL က ကျောင်းသားတွေ လေ့ကျင့်ထားတဲ့ သင်ခန်းစာတွေကို အခြေခံပြီး Individual Report ထုတ်ပေးမှာဖြစ်ပါတယ်။ KG ကနေ G8 အထိ ဘယ်ကျောင်းက ကျောင်းသာမဆို ဝင်ရောက်လေ့ကျင့်နိုင်ပါတယ်။
ဥပမာ G3 က ကျောင်းသားဟာ G3 သင်ခန်းစာတွေ လေ့ကျင့်ပြီးရင် သူစာရင်းသွင်းထားတဲ့ တစ်နှစ်လုံးစာ မကုန်မချင်း G4 စာ လေ့ကျင့်မလား G5 စာ လေ့ကျင့်မလား စိတ်ကြိုက် လေ့ကျင့်လို့ရပါတယ်။
 
😉 ဝင်ရောက်လေ့ကျင့်ဖို့ကလည်း သိပ်လွယ်ကူပါတယ်။ ပေးထားတဲ့ website link ထဲမှာ မိမိနဲ့ သက်ဆိုင်တဲ့ User name and password ကို ရိုက်ထည့်ရုံပါ။ ပြီးရင် နှစ်သက်ရာ သင်ခန်းစာကို ရွေးပြီး လေ့ကျင့်ပါ။ တစ်လ တစ်ခါ T & H Maths Centre က ဆရာတွေနဲ့ တွေ့ဆုံပြီး ဘာကို ဆက်လေ့ကျင့်သင့်သလဲကို ချထားပေးတဲ့ Guide Line အတိုင်း ဆက်လက်လေ့ကျင့်ရုံပါပဲ။
 
ကျောင်းသားတွေအတွက် website မှာ ဝင်ရောက်လေ့လာဖို့ဆိုရင်တော့ ဒါလေးတွေလိုအပ်ပါတယ် 👇👇
 
🔹 email လိပ်စာ တစ်ခုခု 📧
🔹 အင်တာနက် တွဲဖက် အသုံးပြုလို့ရတဲ့ Phone (or) Tablet
(or) Laptop တစ်ခုခု 📱💻 ဖြစ်ပါတယ်။ 👍👍👍
 
✨ Account ဝယ်ယူရရှိနိုင်မည့် package များ
6 months package - 70,000 kyats (December 2020 to May 2021)
1 year package - 110,000 kyats (December 2020 to November 2021)
✨ Account များအားစတင်အသုံးပြုနိုင်မည့်ရက် - ၆.၁၂.၂၀၂၀ ( တနင်္ဂနွေနေ့ )
✨ တက်ရောက်နိူင်သော အတန်း - KG(သူငယ်တန်း) မှ Grade -8 (၈တန်း) အထိ
📌 ဝယ်ယူလေ့ကျင့်လိုပါက Enroll Now တွင် ၂၅.၁၁.၂၀၂၀( ဗုဒ္ဓဟူးနေ့) ညနေ ၅ နာရီတွင် နောက်ဆုံးထားပြီး ဖြည့်စွက် စာရင်းပေးသွင်းပေးပါရှင်။
 
📌 Link တွင် အချက်အလက်များ ပြည့်စုံစွာဖြည့်သွင်းပြီးပါက မိမိတို့ရဲ့စာရင်းသွင်းတာရောက်၊မရောက်ကို Link တွင်ဖြည့်သွင်းထားတဲ့ E-mailသို့ အကြောင်းကြားစာပြန်လည်ပို့ပေးသွားမှာဖြစ်ပါတယ်။Enrollment Form ဖြည့်ပြီးလို့ Confirmation email ပြန်မရောက်ပါက Junk mail ထဲ ရှာကြည့်ပေးပါရှင်။Auto reply ပြန်ပေးတာဖြစ်မို့ form ဖြည့်ပြီးသူတိုင်းစီကို ရောက်ရမှာပါရှင်။
 
🔊🔊 မှတ်ချက်။ ။မိဘတို့ဘက်မှပေးပို့လာသောဖောင်ကို သေချာစွာပြန်လည်စီစစ်ပြီး ငွေသွင်းဖို့အတွက်အသေးစိတ်ကို T & H Maths Centreဘက်မှ ပြန်လည်ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ T & H Maths Centreမှ ဖုန်းဆက်သွယ်မှသာ ငွေသွင်းပေးရန် အထူးမေတ္တာရပ်ခံပါတယ်ရှင်။
 
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက T & H Maths Centre ရဲ့ ကျောင်းခွဲဖုန်းနံပါတ်များကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ☺☺☺
 
ကျောင်းသားကျောင်းသူများအားလုံး ကျန်းမာပျော်ရွှင်ခြင်းအပေါင်းနှင့်တကွ ထူးချွန်ထက်မြက်သူတွေ ဖြစ်နိုင်ကြပါစေရှင်🤗
 
💁‍♀️ website link ထဲ ဘယ်လိုဝင်ရောက်ရမလဲကို ဒီ video လေးထဲမှာ အသေးစိတ်ရှင်းပြပေးထားပါတယ်ရှင်။