HAPPY LEARNING ONLINE CLASS (BATCH 3)

Online သင်တာ ကောင်းလားလို့ မေးရင် ၁၀၀% မကောင်းဘူးလို့ ဖြေပါရစေ။
ဘာကြောင့်လဲဆိုတော့ ဆရာနဲ့ ကျောင်းသား တိုက်ရိုက် ထိတွေ့မှုလည်းမရှိ၊ အားရပါးရ ထိထိရောက်ရောက်လည်း မသင်နိုင်တာတွေကြောင့် ၁၀၀% ကောင်းတယ်လို့မဆိုနိုင်ပါဘူးရှင်။


ဒါဆို ဘာလို့ Online တက်ရမှာလဲ?


ခုလို ကျောင်းတွေ ပိတ်ထားချိန်မှာ ကျောင်းသားတွေအနေနဲ့ ကျောင်းမသွားနိုင်ပေမယ့် အိမ်မှာ အဆက်မပြတ်သင့်တဲ့ ကိစ္စတွေ ရှိပါတယ်။


စာဖတ်တာ
ဘာသာစကားလေ့လာတာနဲ့
ဦးဏှောက်ကို အလုပ်ပေးတာ (တနည်း) သင်္ချာတွက်တာ ဖြစ်ပါတယ်။


ဦးဏှောက်က မစဉ်းစားခိုင်းတာ ကြာရင် အလုပ်လုပ်နှုန်း ကျလာနိုင်ပါတယ်။ ကလေးတွေက စိတ်တွက်ကောင်းပေမယ့် လူကြီးတွေက နည်းနည်းဆို ဂဏန်းပေါင်းစက်နဲ့ ပေါင်းရသလိုပေ့ါ။
T & H Maths Centre အနေနဲ့ကတော့ Online နဲ့ စာသင်တာကို အပြည့်အ၀ မကြိုက်ပေမယ့် ရပ်ထားလို့ မရတဲ့ ကိစ္စဖြစ်တာကြောင့် စဉ်းစားလို့ရတဲ့ထဲက အကောင်းဆုံးနဲ့ အသင့်တော်ဆုံး နည်းစနစ်တွေနဲ့ ကြိုးစားပြီး ကျောင်းသားကျောင်းသူတွေအတွက် အထိရောက်ဆုံးဖြစ်အောင် သင်ပေးခဲ့ပါတယ်။

ကြိုးစားမှ ုတွေနဲ့အညီ Feedback ကောင်းတွေအများအပြား ရထားလို့လည်း အမောပြေရပါတယ်ရှင်။
Feedback Link မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။
https://web.facebook.com/tandheducationcentre/posts/2824298474365702


ခုဆို ကျောင်းဖွင့်ဖို့ မျှော်လင့်ချက်တွေ နည်း နည်းလာတဲ့အချိန်မှာ နောက်နှစ် ဇွန်လ ကျောင်းဖွင့်ချိန်အမှီ နောက်တက်မယ့် အတန်းအတွက် အဆင်သင့်ပြင်ဆင်ချင်တဲ့ ကျောင်းသားများအတွက် ၇ လကျော်စာ သင်ခန်းစာ ရေးဆွဲထားတဲ့ သင်တန်းတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ အောက်တိုဘာ နောက်ဆုံးပတ်ကနေ မေလကုန်အထိ သင်ပေးမယ့် အတန်းဖြစ်ပါတယ်။


ဒီသင်တန်းကတော့ Happy Learning Online Class ပဲဖြစ်ပါတယ်။ အားလုံးသိပြီးကြတဲ့အတိုင်း Happy Learning Online Class မှာဆိုရင်တော့ သင်ခန်းစာတစ်ခုချင်းစီကို Cartoon Animation များ၊ Power Point များနှင့်တွဲဖက်ပြီး ဆရာ၊ဆရာမတွေကိုယ်တိုင်သင်ကြားပေးမှာဖြစ်တဲ့အပြင် T & H Maths Centre မှ Worksheet စာအုပ်တွေနဲ့အတူ သင်ကြားရမှာဆိုတော့ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုတွေကို အမြင့်ဆုံးဆွဲတင်နိုင်မှာ အသေအချာပါပဲ။


အခုချိန်မှာ အသုံးများနေတဲ့ Zoom Application ရဲ့ Official Account ကနေ Zoom Live နဲ့သင်ကြားပေးတာဖြစ်လို့ (၄၅မိနစ်)အချိန်ပြည့်သွားလို့ Application ကနေထွက်သွားတာမျိုး၊Application ပိတ်သွားတာမျိုးတွေအတွက် လုံးဝစိတ်ပူစရာမလိုပဲ စာသင်ချိန်တစ်နာရီလုံးကို စိတ်ချမ်းသာစွာသင်ကြားနိုင်မှာကို အာမခံပါတယ်။

တက်ရောက်ဖို့အတွက် လိုအပ်ချက်များ။ ။ Email Account , ZOOM Application ကို အသုံးပြုရန် သင့်တော်သော ဖုန်း (သို့မဟုတ်) ကွန်ပျူတာတွင် Download လုပ်ထားရမည်။


သင်တန်းကာလ။ ။၂၂.၁၀.၂၀၂၀(ကြာသပတေးနေ့) မှ ၃၀.၅.၂၀၂၁(တနင်္ဂနွေနေ့)


တက်ရောက်နိုင်မည့်အတန်း။ ။ Grade-2 to Grade-8


သင်တန်းကြေး။ ။ ၃၀၀၀၀၀ကျပ် (၃သိန်းကျပ်)


သင်တန်းတက်ရောက်လိုပါက

(11.10.2020) တနင်္ဂနွေနေ့ ညနေ ၅ နာရီ တွင်နောက်ဆုံးထားဖြည့်စွက်စာရင်းပေးသွင်းနိုင်ပါပြီရှင်။( လူဦးရေကန့်သတ်ထားလို့ အမြန်ဆုံးစာရင်းပေးသွင်းဖို့ အကြံပြုလိုက်ပါတယ်နော်။)

**နောက်နှစ်ကျောင်းဖွင့်ချိန်မှာ သင်္ချာနဲ့ ပတ်သတ်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ အသင့်ဖြစ်နေဖို့ Happy Learning Online Class ကို တက်ရောက်နိုင်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်ရှင်။